Searching...
Saturday, January 26, 2013

Facebook Timeline ကိုဖျတ်ပစ်မယ်


ကျွန်တော်ဒီတခါပြောပြချင်တာက  Facebook အသုံးပြုသူများ Timeline ကိုဖျတ်ပစ်ချင်သူများအတွက်ပါ။ ကျွန်တော်လည်း ရှာတော့ရှာတာပဲ ဒီနည်းလေးပဲတွေ့တာ။ မသိသောသူများအတွက်ပါ ။ အရင်ဆုံး ဒီလင့် လေးကို  Firefox မှာ install လုပ်လိုက်ပါ။ ပြီးရင် Firefox ကို restart ပေးပါ။ Firefox ပြန်ပွင့်လာပြီဆိုရင် အပေါ်ဆုံးဘားတန်း က Tools ကိုသွားပါ။ အဲဒီမှာ Default user agent ကိုရွေးပါ။ ပြီးရင် အဲဒီဘေးကိုဆက်သွားပါ။ Internet explrorer ကိုရွေးပါ။ အဲဒီကနေမှ Internet explorer 7 ကိုရွေးပါ ။ ပြီးရင် Facebook ကို reflash ပေးလိုက်ပါ။  ဒါဆိုရင် Facebook က ဟိုးအရင်အဟောင်းကို ပြန်ရောက်သွားပါလိမ့်မယ်။ စိတ်မကောင်းစရာတစ်ခုက ဒီနည်းလေးက အပြည့်အ၀ မဖယ်ရှားနိုင်ဘူးဗျာ။ Firefox ဖွင့်တိုင်းဖွင့်တိုင်း မှာ  Default user agent ကနေ  Internet explorer 7  ကိုပြောင်းပေးရတယ်ဗျာ ။ တကယ်လို့ပြောင်းမပေးဘူးဆိုရင် အဲဒီ Timeline ကြီးက ပေါ်နေပြန်ရော ။ အဲဒါလေးကို  Firefox ဖွင့်တိုင်းမှာပြောင်းပေးဖို့တော့ မမေ့ပါနဲ့။ ကျွန်တော်လည်း ဒီနည်းလေးပဲ သိသေးလို့ပါ။ ဒီထက်ကောင်းတဲ့နည်းလေးရှိရင်လည်း ပြောပေးကြပါနော်။ ကျွန်တော်က Timeline ကိုကြိုက်ဘူး။ 

အားလုံးကို လေးစားလျက်.....

0 comments:

Post a Comment

Labels

 
Back to top!