Searching...
Wednesday, March 13, 2013

Samsung Galaxy Note 2 N7100 Update To SlimBean Build 1 Android 4.2.2 Jelly Bean

 SlimBean 4.2.2 Build 1 ROM is available for Galaxy Note 2 N7100.
 Samsung Galaxy Note 2 N7100 ကို Update လုပ်ချင်ပါတယ်ဆိုတဲ့အစ်ကိုအတွက်  အရင်ဆုံးပြောချင်တာ
က မိမိဖုန်းအတွင်း ထည့်သွင်းထားသော Message / Phone Content များ နှင့် SD Card ထဲက Data များကို
ကွန်ပျူတာအတွင်းသို့ Backup လုပ်ထားဖို့အရင်ပြောပါရစေ...ဒီလုပ်ငန်းတွေပြီးပြီဆိုရင်တော့ ဆက်လုပ်
ဆောင်ပါမယ်...

အရင် ဆုံး ClockworkMod (CWM) recovery Mode သွင်းပါ့မယ် .. SD Card အတွင်းမှာ CWM ဆိုပြီး ဖိုလ်ဒါ
အသင့်ဆောက်ထားပါ.. ပြီးတာနဲ့ CWM ကို ဒီမှာ Download ရယူလိုက်ပါ.. ဒေါင်းလို့ရလာတဲ့ဖိုင်ကို..
SD Card ထဲက CWM ဆိုတဲ့ ဖိုလ်ဒါ ထဲကို ထည့်ထားလိုက်ပါ...။

ပြီးတာနဲ့ SD Card ထဲမှာ JellyBean ဆိုပြီး ဖိုလ်ဒါ အသစ်တစ်ခုထပ်ဆောက်လိုက်ပါ..  SlimBean 4.2.2 JellyBean ကို ဒီမှာ Downloadရယူပါ.. ရလာတဲ့ဖိုင်ကို JellyBean ဆိုတဲ့ ဖိုလ်ဒါထဲသို့ထည့်လိုက်ပါ.. အား
လုံးပြီးဘီဆိုတာနဲ့ ဖုန်းရဲ့ပါဝါကို လုံးဝပိတ်လိုက်ပါ..

ဖုန်းရဲ့ပါဝါခလုပ် + Volume Up ခလုပ် + Home Button ခလုပ် သုံးခုကို တစ်ပြိုင်တည်းနှိပ်ပြီးဖုန်းကို ဖွင့်လိုက်ပါ... ဖုန်း ပါဝါစပွင့်လာပြီဆိုတာနဲ့ ပါဝါခလုပ်နှိပ်ထားခြင်းကို လွှတ်ပေးလိုက်ပါ...

Volume Up ခလုပ် + Home Button ခလုပ်နှစ်ခုကိုဘဲ မလွှတ်တမ်း ငါးစက္ကန့်လောက် ဖိထားပါ..အချိန်ပြည့်ရင် လွှတ်ပေးလိုက်ပါ.. Recovery Mode ထဲသို့ဝင်သွားပါလိ့မ်မယ်..

ပြီးတာနဲ့ Apply SDcard:Update.zip ကို Volume Key များအသုံးပြုပြီး ရွှေ့လိုက်ပါ..ပြီးတာနဲ့ Home Button ခလုပ်ကို နှိပ်ပြီး  CMW  Folder သို့ဝင်ကာ Download ရယူထားတဲ့ ဖိုင်ကို Home 
Button အသုံးပြုကာ Update လုပ်လိုက်ပါ..ပြီးတာနဲ့ Power ခလုပ်ကို နှိပ်ကာ ပြန်ထွက်ပါ reboot system now ကိုရွေးချယ်ပေးလိုက်ပါ.စက်ပြန်တက်လာတာနဲ့ CWM Recovery Mode သွင်းခြင်း ပီးဆုံးပါပြီ...


နောက်ဆုံးအဆင့် SlimBean 4.2.2 သို့ အဆင့်မြင့်တင်ခြင်း ဖြစ်ပါတယ်..

ဖုန်းကို ပါဝါပိတ်လိုက်ပါ..ပီးတာနဲ့ Power ခလုပ် + Volume Up + Home Button ကိုတစ်ပြိုင်
တည်းဖိလိုက်ပါ.. ပါဝါ စပွင့်လာပြီဆိုတာနဲ့ Power ခလုပ်ကို လွှတ်ပေးလိုက်ပါ Volume Up + Home Button
ကိုတော့ ငါး စက္ကန့်လောက်ကြာအောင် ဖိထားပြီး လွှတ်ပေးလိုက်ပါ.. CWM Recovery Mode ထဲသို့ ရောက်သွား ပါ လိမ့်မယ်.. ထို့နောက် Wipe data/Factory reset ဆိုတာကိုရွေးချယ်ပါ..
Complete ဖြစ်သွားတာနဲ့ Power Button ကိုနှိပ်ပြီး ပြန်ထွက်ပါ...ထို့နောက် Wipe cache ကိုရွေးချယ်ပါ.
Complete ဖြစ်သွားတာနဲ့ Power Button ကိုနှိပ်ပြီး ပြန်ထွက်ပါ..
Complete ဖြစ်သွားတာနဲ့ Power Button ကိုနှိပ်ပြီး ပြန်ထွက်ပါ..
ထို့နောက် Flash ZIP From SD Card >>> Choose ZIP From SD Card ကိုရွေးချယ်ပြီး SD Card
ထဲက Jelly Bean Folder ထဲက Download ရယူပြီး ထည့်ထားတဲ့ဖိုင်ကို Install လုပ်ပေးပါ... မိနစ်အနည်း
ငယ်စောင့်ပါ..Complete ဖြစ်သွားတာနဲ့ Power Button ကိုနှိပ်ပြီး.. Reboot system now ကိုနှိပ်ပေး
လိုက်ပါ.. စက္ကန့်အနည်းငယ်စောင့်ပြီး ပြန်တက်လာတာနဲ့ မိမိရဲ့ဖုန်းလေးဟာ  SlimBean Build 1 Android 4.2.2 Jelly Beanအမြင့်နဲ့ အလန်းလေးဖ်ြသွားတာကိုတွေ့ရပါမယ်ခင်မျာ..တောင်းဆိုထားတဲ့ အစ်ကို အဆင်ပြေတယ်ဆိုရင် ကျွန်တော် သည် သင်ခန်းစာရေးးသားရ ကျိုနပ်ပါပြီခင်မျာ.... :-)     


ကိုယ်တိုင်ပြုလုပ်မယ့်အစ်ကိုအနေဖြင့်လည်း အနည်းငယ်ကြိုးစားကြည့်စေချင်ပါတယ်... Version မြင့်ပီးခါမှ
အဆင်မပြေမှုများကြုံတွေ့လာရပါက Comment လေးတွေထားပြီး ဆွေးနွေးနိုင်ပါတယ်ခင်မျာ.. :-)  

0 comments:

Post a Comment

Labels

 
Back to top!