Searching...
Wednesday, March 6, 2013

Samsung Glaxy S i897 ကို Android 4.0.3 ICS RC 4.2 မြှင့်ရအောင်



cmpunk1989 ရေ.. ကျွန်တော် လေ့လာမိသလောက် ရှာဖွေ တင်ပေးလိုက်ပါတယ်..
သတိပေးချင်တာက Firmware တင်ရမှာဖြစ်တဲ့အတွက် နောက်ဆက်တွဲပြဿနာတွေ ဘယ်လိုဖြစ်မလဲဆိုတာ ကြိုတင်မသိနိုင်ပါဘူး.. ကျွန်တော် ပေးတဲ့နည်းကိုလုပ်လိုက်တာ ပြဿနာတက်သွားတယ်ဆိုရင် ကျွန်တော်လည်း မကောင်းဘူးလေနှော.. ဒီတော့ ဖြစ်လာတာကို လက်ခံဖို့ အဆင်သင့်ရှိတယ်ဆိုမှသာ လုပ်စေချင်ပါတယ်..
စိတ်မချရင် ကျွန်တော့်ထက် ပိုမိုကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက်ယောက်နဲ့ တိုင်ပင်ကြည့်ပါ.. ကျွန်တော် လေ့လာမိတဲ့နည်းလေးကို ပြန်လည် မျှဝေလိုက်ပါတယ်.. နည်းက (၂)နည်းရှိပါတယ်.. Online ကနေ Kies ကိုသုံးပြီး Upgrade လုပ်တာရယ်.. နောက်တစ်နည်းက Firmware ကိုဒေါင်းပြီး Manual နည်းနဲ့ ပြန်တင်ခြင်းဖြစ်ပါတယ်.. ပထမနည်းက အဆင်မပြေတာများတယ်လို့သိရပါတယ်.. ဒါကြောင့် ဒုတိယနည်းကို တင်ပေးလိုက်ပါတယ်..


Firmware မတင်ခင် အစ်ကို့ရဲ့ဖုန်းကို Root ဖေါက်ထားဖို့ လိုပါတယ်.. 
 
1.ပထမဆုံး အောက်ကလင့်မှာ Android 4.03 RC 4.2 ကို အရင်ဒေါင်းလိုက်ပါ..
Download  Android 4.03 RC 4.2
2. ဒေါင်းလို့ရလာတဲ့ဖိုင် ကွန်ပျူတာမှ တစ်ဆင့် Card Reader နဲ့ပဲဖြစ်ဖြစ်၊ ဖုန်းကို တိုက်ရိုက် ကွန်ပျူတာနဲ့ချိတ်လို့ပဲဖြစ်ဖြစ် SD Card ထဲကိုထည့်ပါ.. SD Card ဟာ အနည်းဆုံး 2GB ရှိသင့်ပါတယ်.. တစ်ခြားဖိုင်တွေမရှိစေရပါဘူး.. Android 4.03 RC 4.2 ထည့်ထားတဲ့ SD ကို ဖုန်းထဲထည့်လိုက်ပါ.. ကွန်ပျူတာနဲ့ချိတ်ထားရင် ဖြုတ်လိုက်ပြီး ပါဝါပိတ်လိုက်ပါ... ဖုန်းထဲမှာ ဘက်ထရီက အနည်းဆုံး ၇၅% ရှိနေရမှာဖြစ်ပါတယ်နှော်..
3. ဖုန်းကို Power ခလုပ် နဲ့ Volume up (အသံချဲ့ခလုပ်) နှစ်ခုကို ပြိုင်တူဖိထားလိုက်ပါ.. Recovery Mode ကိုရောက်မှ လွှတ်ပါ..
4. မြင်ရတဲ့မြင်ကွင်းထဲမှာ Install zip from SD card ဆိုတာကိုရောက်အောင်ရွေ့ပါ.. ဖုန်းထဲက Volume+ ခလုတ်နဲ့ Volume- ခလုပ်ကိုအသုံးပြုပြီး အပေါ်အောက်ရွှေ့ရမှာဖြစ်ပါတယ်..
5. Install zip from SD card ဆိုတာကိုရောက်အောင်ရွှေ့ပြီးရင် Home Button ကိုတစ်ချက်နှိပ်လိုက်ပါ..
ထပ်ပေါ်လာတဲ့ထဲက choose zip from SD card  ဆိုတာကို ခုနကလိုပဲရွေးလိုက်ပါ..
6. သူ့ဟာသူအလုပ်လုပ်သွားပြီး ပြီးဆုံးသွားရင် back ပြန်သွားပြီး Reboot system now ကိုရွေးပြီးနှိပ်လိုက်ပါ.. ဖုန်းက Restart ကျသွားပြီး ပြန်တက်လာပါလိမ့်မယ်..
 ဖုန်းထဲက Setting>about phone>firmware ကိုပြန်စစ်ကြည့်လိုက်ပါ.. Android 4.03 လေးနဲ့ လန်းနေတာမြင်ရပါလိမ့်မယ်...

အဆင်ပြေပါစေ..

မောင်ပေါက်

0 comments:

Post a Comment

Labels

 
Back to top!