Searching...
Friday, March 1, 2013

TeamViewer အသုံးပြုနည်း

TeamViewer အသုံးပြုနည်းလေးကို မသိသေးသူများအတွက် မျှဝေပေးလိုက်ပါတယ်... ဒါပေမဲ့ ကျနော် Software တိုင်းကို တခုချင်း လိုက်ပြီး မစမ်းအားပါဘူး..ဒါကလဲ ကျနော်ကိုယ်ရေးကိုယ်တာ ကျောင်းကိစ္စတစ်ဖက်နဲ့မလို့ပါ. ဒါလေးကတော့ တိုက်ဆိုင်နေလို့ မျှဝေလိုက်တာပါ ... Software ဆိုတာကတော့ ကိုယ်တိုင် ဒေါင်းယူ ကလိကြည့်မှသိရတာမျိုးပါ..။ပြီးတော့ Software တိုင်းကလဲ ဒီ ဆော့ဝဲလ် ဟာ ဘာအတွက် အသုံးပြုတယ်,ဘယ်လို Install ရတယ် ဆိုတာတွေကို သက်ဆိုင်ရာ Software Home Page တွေမှာ ပုံ နဲ့ သော်လည်းကောင်း Video နဲ့သော်လည်းကောင်း ပြထားပေးတတ်ကြပါတယ် ..။

 ပြီးတော့ ဒီလိုမျိုး ပို့စ် တစ်ပုဒ်ရေးဖို့ဆိုတာလည်း လိုအပ်တဲ့ Software ရှာရ Screenshot ယူရ ကိုယ်တိုင် စမ်းသပ်ရနဲ့ အချိန်တွေအများကြီးပေးရပါတယ် ...။ ဆိုတော့ ... ဝမ်းနှုတ်ဆေးချည်းပဲ အားကိုးလို့မရပါဘူး ကိုယ်တိုင်ကလဲ ညှစ်အားလေးသုံးပေးပါမှ အဆင်ပြေမှာပါ....:D ..  ကဲ.....ကိုယ်တိုင်လေ့လာပြီး သင်ယူတတ်မြောက်နိုင်ကြပါစေဗျားးးး... ^_^
 
Software ကို Install လုပ်ပြီးပြီဆိုတာနဲကဖွင့်လိုက်ပါ..ပီးတာနဲ့ အောက်ကအဆင့်တွေအတိုင်း
လုပ်သွားရုံပါ..လွယ်လွယ်လေးပါ..
 
နံပါတ် (1) က ကိုယ်ပိုင် ID  နဲ့   Password ဖြစ်ပါတယ်..။
နံပါတ် (2) က တော့ ကိုယ်ဝင်ကိုင်ပေးမဲ့ သူငယ်ချင်း ကွန်ပြူတာ ရဲ့ ID ကို ထည့်ပေးရမှာပါ..
တကယ်လို့ ကိုယ့်ကွန်ပြူတာကို ဝင်ကိုင်စေချင်ရင်တော့ နံပါတ် (1) က ID  နဲ့ Password ကို
Gtalk ကနေ ဒါမှမဟုတ် တနေရာရာကနေ သူငယ်ချင်းဆီကို ရောက်အောင် ပို့ပေးလိုက်ပါ.. တခြားဖက်က သူငယ်ချင်းကလည်း ရလာတဲ့ ID , Password တွေကို အပ်ါကလို သက်ဆိုင်ရာ နေရာလေးတွေမှာ ထည့်ပေးလိုက်ပါ..။ နံပါတ် (3) ကိုဆက် နှိပ်ပါ ...။

နံပါတ် (1) မှာ Password ကို ထည့်ပေးပါ...။ နံပါတ် (2) Log On ကို နှိပ်ပြီး ကွန်ပြူတာ တစ်လုံးနဲ့ တစ်လုံး
ဘယ်လောက်ဝေးဝေး Internet ကွန်နက်ရှင် ရှိရုံနဲ့ သူ့ကွန်ပြူတာ ကိုယ့်ကွန်ပြူတာကို လှမ်းကိုင်လို့ ရသွားပါပြီ ...
အခြားလိုအပ်တဲ့ ဖိုင်လ် တွေ Software တွေကိုလည်း Share လုပ်နိုင်ပါသေးတယ်...။

အာလုံး အဆင်ပြေကြပါစေဗျားးးး

mmithelper

0 comments:

Post a Comment

Labels

 
Back to top!