Searching...
Tuesday, January 29, 2013

Andriod Phone Rooting Guide

Android Rooting ကိုစလေ့လာနေသူ မသိသေးသူများအတွက်ပါ..

Andriod Phone တစ်လုံးကို Root လုပ်ဖို့ဆိုတာ လွယ်ကူပါတယ် သိသလောက်ပေါ့နော် ခက်ခဲပါတယ်ဆိုတဲ့ Andriod Phone တွေလည်းရှိပါတယ် ဒါပေမယ့် သေသေချာချာလေ့လာစဉ်းစားပြီးတော့လုပ်မယ်ဆိုရင်တော့
သင့်အတွက် Rooting ကလွယ်ကူသွားပါလိမ့်မယ်...
Andriod တစ်လုံးကို Root လုပ်ဖို့အတွက် ကျွန်တော်ကတော့ နှစ်မျိုးခွဲလိုက်တယ်ဗျာ....
1. All Andriod Rooting Software နှင့်လုပ်ခြင်း(eg..Unlock Root. Super One Click. Etc........)
2.သက်ဆိုင်ရာ Software နှင့် Root လုပ်ခြင်း 
Andriod Phone အတွက် သက်ဆိုင်ရာ Root Tools တွေနဲ့ Root လုပ်ဖို့အတွက်ကိုတော့ လိုအပ်တာတွေကို
ရှိနေဖို့လိုအပ်ပါတယ်..
Root လုပ်ဖို့အတွက်ကိုတော့ အရင်ဆုံး မဖြစ်မနေလုပ်ထားပေးရမှာက USB Debussing ရယ်
 Unknow Source ရယ်ကို အမှန်ခြစ်ထည့်ထားပေးဖို့နဲ့ Phone ကို Back Up လုပ်ထားဖို့ပါဘဲ..
Back Up လုပ်ထားတယ်ဆိုတာကတော့  မှားသွားတဲ့အခါ  တစ်ခုခု Error တက်လာခဲ့မယ်ဆိုရင်
သင့်အတွက် အလွန်အထောက်အကူပြူ မှာပါ ..
Rooting မှာ Recover Mode ကနေ Root လုပ်ရတာရယ် PC ကနေ Root လုပ်ပေးရတာရယ်ဆိုတာရှိပါတယ်
Andriod အတွက် Recover Mode ၀င်ဖို့အတွက် ကိုတော့ One Click Recover Mode ကိုသုံးစေချင်ပါတယ်..
Recover Mode ထဲကို ရောက်ပြီဆိုရင် Install Zip From SD . Choose Zip from SD ကနေ Root လုပ်ပေးမယ့်
Zip ဖိုင်ကိုရွေးပေးရုံပါဘဲ... PC ကနေ Root လုပ်ဖို့အတွက်ကိုတော့ အရင်ဆုံးလိုအပ်တာက Driver ပါ
များသောအားဖြင့် Phone Driver ကို ရှာနေကြပါတယ် တကယ်တမ်းဆိုရင် Driver က မိမိဖုန်းထဲမှာတင်ပါလာပြီးသားပါဘဲ.. ပါလာတဲ့ Driver ကို အရင်ဆုံးတင်လိုက်ပေါ့ဗျာ...
Driver တင်ပြီးသွားပြီဆိုရင်တော့ Root လုပ်လို့ရသွားပါပြီ....
Root လုပ်ဖို့အတွက် Phone ကို Volume+Power ရယ်တွဲနှိပ်ပြီး Runme.bat ကို Run ..Phone ကို Pc နဲ့တွဲပေးရပါတယ်.နောက်တစ်မျိုးက Root Tools မှာပါတဲ့ Root ဆိုတာကို နှိပ်ပေးရတာရယ်...
ခုနကပြောခဲ့တဲ့ Recover Mode ကနေလုပ်ပေးရတာရယ်..ဒါပါဘဲ ရိုးရိုးလေးပါ...
အသုံးတည့်သော Rooting Software တွေကိုတော့ ကျွန်တော် တင်ပေးသွားပါမယ်.....
 ကျေးဇူးတင်ပါတယ် လိုအပ်တာတွေရှိနေမယ်လို့တော့ထင်ပါတယ် လိုအပ်တာတွေကိုလည်း အကြံပြုဝေဖန်
ပေးစေချင်ပါတယ်....ခင်ဗျာ..
 
အစ်ကို ITMinMin မှတစ်ဆင့်ဖော်ပြပေးခြင်းဖြစ်ပါသည်... 
 

0 comments:

Post a Comment

Labels

 
Back to top!