Searching...
Tuesday, January 29, 2013

Root Samsung Galaxy Note 2 GT-N7100 with Myanmar Font

ကျနော်တိုအခု Note 2 ကို Root လုပ်မှာဖြစ်ပါတယ်။လိုအပ်တာလေးတွေဒေါင်းထားလိုက်ပါ။
အကယ်၍ ကျနော်တို Driver မရှိဘူးဆိုရင် Samsaung Driver Download
ကျနော်တိုအရင်ဆုံး Odin ကိုဖွင့်ထားလိုက်ပါ။
1.ကျနော်တို ဖုန်းကို ပါဝါပိတ်လိုက်ပါ။ 

2.Power+Volume Down+Home ကိုပေါင်းနိပ်လိုက်ပါ။

ဖုန်းက Downloading Mode ဖြစ်သွားပါပြီ။
ကျနော်တို USB ကြိုးကို ဖုန်းနဲကွန်ပျူတာနဲ ချိတ်လိုက်ပါ။ Odin မှာအပေါ်ကပြထားသလို COM လေးတက်လာပါလိမ့်မည်။

PDA ထဲကနေ ကျနော်တိုအခုန ဒေါင်းလုပ်လုပ်ထားတဲ့ CF Root  ကိုရွေးပေးလိုက်ပါ။
သူဟာသူအလုပ်လုပ်သွားပါလိမ့်မည်။ဖုန်းပါဝါတက်တဲ့အထိစောင့်ပါနေပါ။
ပါဝါတက်လာရင် Super User  အိုင်ကွန်လေးတွေရင် Root ဖြစ်သွားပြီ။
အခုအပိုင်းကတော့ ကျနော်တိုမြန်မာစာ သွင်းဖို အောက်က ဖိုင်ကိုဒေါင်းလိုက်ပါ။
DroidSansFallback
ဖိုင်ကို ကျနော်တို  Root-explorer ကနေ လှမ်းသွင်းရပါ့မယ်။
Root-explorer ကိုဖွင့်လိုက်ပါ။ပြီးရင် SD Card ဆိုတဲ့ဖိုင်ကို သွားလိုက်ပါ။
DroidSansFallback ကို တွေရင် ဖီလိုက်ပါ။
Copy ဆိုတာပေါ်လာ ပါလိမ့်မယ်။
ပြီးရင်အနောက်သိုပြန်ထွက်လိုက်ပါ။ပြီးလျှင် System ဖိုင်ထဲကိုသွားလိုက်ပါ။အဲ့ထဲက Font ထဲမှာ Paste သွားလုပ်လိုက်ပါ။Paste လုပ်တာမရဘူးဆိုလျှင် ဟိုးအပေါ်က
Mounted as r/o မှာ Mount R/O လိုပြောင်းလိုက်ပါ။ပြီးလျှင် ပြန်ပီး Paste ပြန်လုပ်လိုက်ပါ။
ကျနော်တို KeyBoard ကိုအင်စတောလုပ်ပီးလျှင် Setting ထဲက Language & input ထဲမှာ Default မှာ
FrozenKeyboard လိုချိန်းလိုက်ပါ။ မြန်မာစာထည့်တာအောင်မြင်သွားပါပြီ။
အဆင်မပြေရင်ကွန်မန်းလေးတွေထားခဲ့လိုက်ပါ။
အားလုံးပဲအဆင်ပြေကြပါစေ...................................
 

0 comments:

Post a Comment

Labels

 
Back to top!