Searching...
Friday, February 1, 2013

ဆီးချိုရောဂါ ကာကွယ်နိုင်မည့် နည်းများ


သင့်ခန္ဓာကိုယ်အတွင်း မဂ္ဂနီဆီယမ် အဆင့်တွေ မြင့်နေရင် သင်ဟာ အစားအသောက် ဆင်ခြင်တာ ဒါမှမဟုတ် ဘဝ နေထိုင်မှုပုံစံ ပြောင်းလဲမှု မလုပ်ရင်တောင် ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့ သုတေသန ပြုလုပ်သူတွေက တွေ့ရှိခဲ့ပါတယ်။ မဂ္ဂနီဆီယမ်ဟာ ဂလူးကို့စ်ကို Cells တွေ စုပ်ယူစေပြီး အသုံးပြုဖို့ ကူညီနိုင်တာကြောင့် သွေးတွင်း သကြားအဆင့်တွေ မမြင့်တက်အောင် ကာကွယ်နိုင်တာလို့ ဆိုပါတယ်။ မဂ္ဂနီဆီယမ် မြင့်မားစွာ ရရှိအောင် အောက်ပါတို့ကို ပြုလုပ်ပါ။
မဂ္ဂနီဆီယမ် ပမာဏများတဲ့ အားဖြည့်ဆေးကို ရှောင်ပါ
မဂ္ဂနီဆီယမ် အားဖြည့်ဆေးဟာ အသွားနှစ်ဖက်ပါ ဓားနဲ့ တူပါတယ်။ ပမာဏ အနည်းငယ်သာပါရင် အစာအာဟာရမှ မဂ္ဂနီဆီယမ် ချို့တဲ့တာအတွက် ကောင်းပေမယ့် ပမာဏများလွန်းရင် နာတာရှည် ဝမ်းပျက်ဝမ်းလျှော ဖြစ်တတ်ပါတယ်။ ဝမ်းဗိုက်ပြဿနာ မဖြစ်အောင် နေ့စဉ် မဂ္ဂနီဆီယမ် ၄၀၀ မီလီဂရမ်မှ ၇၅၀ မီလီဂရမ်သာ သောက်ပါ။ အကယ်၍ သင်ဟာ ကယ်လ်စီယမ် ဒါမှမဟုတ် Multi Vitamin မှီဝဲနေရင် မဂ္ဂနီဆီယမ်လည်း ပါဝင်တတ်တာမို့ အညွှန်းကို သေသေချာချာ ဖတ်ပါ။
ဟင်းရွက် ပြုတ်ရည်တွေကို သွန်မပစ်ပါနဲ့
ဟင်းသီးဟင်းရွက်တွေမှာ မဂ္ဂနီဆီယမ်တွေ များစွာ ပါဝင်ပေမယ့် ဟင်းရွက်တွေကို ရေနွေးဖြောတာ ဒါမှမဟုတ် ပေါင်းတာတွေ ပြုလုပ်ရင် မဂ္ဂနီဆီယမ် ၃၀ ရာခိုင်နှုန်းဟာ ပြုတ်ရည်ထဲ ထွက်ရှိသွားပါတယ်။ ဒါကြောင့် ဟင်းရွက်ပြုတ်ရည်တွေကို မသွန်ပစ်ဘဲ ရေခဲသေတ္တာထဲမှာ သိမ်းထားပါ။ နောက်တစ်ကြိမ် ဟင်းချိုလုပ်ရင် အဲဒီအရည်တွေကို  ပြန်လည် အသုံးပြုပါ။
အခွံမာသီး (Nuts) တွေ စားပါ
ဗာဒံသီး၊ သီဟိုဠ်စေ့၊ မက်ကဒေးမီးယားနဲ့ Pistachios တွေမှာ မဂ္ဂနီဆီယမ်များစွာ ပါဝင်တာမို့ အဲဒီ အစေ့အဆန်တွေကို နေ့စဉ် တစ်အောင်စ စားပေးရင် သွေးတွင်း သကြားဓာတ် မြင့်နိုင်ခြေ ၃၁ ရာခိုင်နှုန်း လျော့ကျနိုင်ပြီး ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ၂၂ ရာခိုင်နှုန်း ကျဆင်းတယ်လို့ ဆိုပါတယ်။ နေကြာစေ့နဲ့ ဖရုံစေ့မှာလည်း မဂ္ဂနီဆီယမ် များစွာ ပါဝင်ပါတယ်။
အညိုရင့်ရောင် ချောကလက် စားပါ
ကိုကိုးမှုန့်မှာ မဂ္ဂနီဆီယမ် များစွာပါဝင်ပါတယ်။ တစ်အောင်စမှာ ၁၄၀ မီလဂရမ်တောင် ပါဝင်တာမို့ ကိုကိုးတစ်ခွက် ဒါမှမဟုတ် ချောကလက် တစ်တုံးကို နေ့စဉ် စားပေးပါ။ ချောကလက်အရောင် ပိုရင့်လေလေ မဂ္ဂနီဆီယမ်ပါဝင်မှု ပိုများလေလေပါ။
Tips
မဂ္ဂနီဆီယမ်ကို ညွှန်ကြားတဲ့အတိုင်း မှီဝဲရင် ဘာအန္တရာယ်မှ မရှိနိုင်ပေမယ့် တချို့ဆေးဝါးတွေရဲ့ စုပ်ယူမှု (သိုင်းရွိုက် အားဖြည့်ဆေး၊ ပဋိဇီဝဆေးအချို့နဲ့ အရိုးပွရောဂါအတွက် ဆေး) ကို အနှောင့်အယှက်ပေးနိုင်တာကြောင့် အဲဒီဆေးဝါးတွေ အသုံးပြုရမယ်ဆိုရင် တစ်ချိန်တည်းမှာ အကုန်လုံး မသောက်ဘဲ အချိန်ခွဲပြီး သောက်ပေးပါ။
ဒေါက်တာ ခင်မိုးမိုး
health-articles

0 comments:

Post a Comment

Labels

 
Back to top!