Searching...
Friday, February 1, 2013

အစာလည်း ဆေး၊ ဆေးလည်း အစာ


အိန္ဒိယဆီးဖြူသီး (Indian Gooseberry)
ဗီတာမင်-စီဓာတ် အလွန်ကြွယ်ဝ၍ အိန္ဒိယဆီးဖြူသီးသည် သွေးတိုးနှုန်း ကျဆင်းစေပါသည်။ အိန္ဒိယဆီးဖြူသီး ကြိတ်ညှစ်ရည် လတ်လတ်ဆတ်ဆတ်ကို ပျားရည်နှင့်ဆတူရောကာ နံနက်တိုင်း သောက်သုံးပေးခြင်းဖြင့်
သွေးတိုးရောဂါအတွက် အလွန်အကျိုးရှိစေပါသည်။ ဗီတာမင်-စီ ကြွယ်ဝသော အစားအစာများသည် သွေးတိုးရောဂါအတွက် အလွန်အဖိုးတန်ပါသည်။
တာ့ဖ်တက္ကသိုလ်မှ စိုက်ပျိုးရေးဆိုင်ရာ လူသား အာဟာရ သုတေသနဌာန၏ သုတေသနပညာရှင် ပေါလ်အက်ဖ် ဂျက်ကွီး၏ အဆိုအရ ဗီတာမင်-စီ နည်းပါးသော စားသောက်ဖွယ်ရာများမှာ သွေးဖိအား မြင့်မားစေကြောင်း သိရပါသည်။
လေ့လာမှုတခုအရ ဗီတာမင်-စီ နည်းပါးပါက အထက်သွေးတွင် (၁၆)ရာခိုင်နှုန်း၊ အောက်သွေး(၉)ရာခိုင်နှုန်း အထိ မြင့်တက်လာတတ်ကြောင်း သူက တွေ့ရှိခဲ့သည်။
ဗီတာမင်-စီ ကို လုံလောက်အောင် မစားသုံးပေးပါက သွေးဖိအားများကို မြင့်တက်စေကြောင်း ဒေါက်တာဂျက်ကွီက ဆိုခဲ့ပါသည်။
ထို့ကြောင့် သွေးတိုးရောဂါရှိသူသည် ဗီတာမင်-စီကို တနေ့လျှင် လိမ္မော်သီးတလုံးတွင်ပါဝင်သော ပမာဏမှု အနည်းဆုံးထား၍ စားသုံးပေးရပါမည်။
ဒေါက်တာဂျက်ကွီက အသီး၊ အရွက်များတွင် ပါဝင်သည့် အခြားသောဓာတ်သဘာဝကလည်း သွေးတိုးနှုန်းကို ထိန်းပေးနိုင်သည်ဟု ယုံကြည်ကြောင်း ဆိုခဲ့ပါသည်။ ဗီတာမင်-စီ ကြွယ်ယသော အစာများတွင် အိန္ဒိယဆီးဖြူသီးအပြင် သံပရာသီး၊ ရှောက်သီး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များလည်း ပါဝင်ပါသည်။
*****
သံလွင်ဆီ (Olive Oil)
သံလွင်ဆီကို အသုံးပြုခြင်းဖြင့် သွေးတိုးရောဂါကို ကုသရာတွင် ကောင်းကျိုးရရှိစေကြောင်း တွေ့ရပါသည်။ စတန်းဖို့ဆေးတက္ကသိုလ်မှ သုတေသီများ၏ လေ့လာချက်များအရ သွေးတိုးရောဂါခံစားရသော သက်လတ်ပိုင်းအရွယ် လူ(၇၆)ဦးတို့ကို နှစ်အနည်းငယ်ကြာမျှ သံလါင်ဆီကို တနေ့လျှင် လက်ဖက်စားဇွန်း(၃)ဇွန်းစီ အသုံးပြုစေခဲ့သည်။ အထက်သွေး(၉)မှတ်၊ အောက်သွေး(၆)မှတ် ကျဆင်းခဲ့ကြောင်း တွေ့ရသည်။ ကင်တကီတက္ကသိုလ်၏ လေ့လာချက်များအရ တနေ့လျှင် သံလွင့်ဆီကို လက်ဖက်စားဇွန်း၏ သုံးပုံနှစ်ပုံမျှ စားရုံနှင့် အထက်သွေး(၅)မှတ်၊ အောက်သွေး(၄)မှတ်အထိ ကျဆင်းစေခဲ့ကြောင်း သိရ၍ အလေးထားမှတ်သားဖွယ် ဖြစ်ရပေသည်။
*****
အရွက်စား မုန်လာ (Parsley)
အရွက်စားမုန်လာသည် လူသိအများဆုံး ခေတ်ဟောင်းကာလက စားဖွယ်ရာဖြစ်သည်။ ယင်းကို ရှေးရောမတို့ ကောင်းစွာသိရှိခဲ့ကြသည်။ ယင်းတွင် ဗီတာမင်များနှင့် သတ္ထုဓာတ်များ ကြွယ်ဝပြီး အထူးသဖြင့် အက်ခရိုဘစ်အက်ဆစ် (Acrobic Acid)ဓာတ် ကြွယ်ဝပါသည်။ ထို့ကြောင့် သွေးကို ကောင်းစွာသန့်စင်စေသည်။ အရွက်စား မုန်လာ သတ္ထုရည်တွင် အက်ဒရီနယ်နှင့် သိုင်းရွိုက်ဂလင်းများကို ပုံမှန်ဖြစ်အောင် ထိန်းပေးထားနိုင်မည့် အောက်စီဂျင်ဇီဝဖြစ်စဉ်မျိုး ပါရှိလေသည်။
အရွက်စားမုန်လာသည် သွေးဖိအားကျဆင်းစေသည့် စားဖွယ်ရာဖြစ်သည်။ ယင်းတွင် သွေးကြောများကို ထိန်းထားပေးရာ အထောက်အကူပေးသည့်ဓာတ်များ ပါရှိပြီး သွေကြောမျှင်မျာါ်နှင့် သွေးကြောများ၏စနစ်ကို ကျန်းခံ့နေစေရန် အထောက်အကူပေးနိုင်ပါသည်။ ရေထဲတွင်ထည့်ကာ မီးမျှင်းမျှင်းဖြင့် မိနစ်အနည်းငယ်မျှ ကျိုချက်ကာ တနေ့လျှင် ကြိမ်ဖန်များစွာ သောက်ပေးသင့်သည်။ အရွက်များကို သတ္ထုရည်ညှစ်၍လည်း သောက်ပေးနိုင်ပါသည်။
*****
ပိုတက်စီယမ်ကြွယ်ဝသော စားဖွယ်ရာများ—
ပိုတက်စီယမ်ဓာတ်ကြွယ်ဝသော စားဖွယ်ရာများသည် သွေးတိုးနှုန်းကျဆင်းစေရာတွင် ကောင်းစွာအကျိုးသက်ရောက်မှု ရှိစေပါသည်။ ပိုတက်စီယမ်သည် သွေးတိုးရောဂါအတွက် အားကောင်းသော ဆေးဝါးတမျိုးဖြစ်သည်။ စားသောက်မှုတွင် ပိုတက်စီယမ်အား ဖြည့်ပေးခြင်းဖြင့် သွေးတိုးနှုန်းလျော့ကျစေကာ ပိုတက်စီယမ်အားနည်းသော စားသောက်ဖွယ်ရာများက သွေးတိုးနှုန်းမြင့်မားစေပါသည်။ ထို့ကြောင့် ပိုတက်စီယမ်အားနည်းသော စားဖွယ်ရာများသည် သွေးတိုးနှုန်းမြင့်မားစေပါသည်။
ယင်းအချက်ကို တစ်ပယ်လ်ဆေးတက္ကသိုလ်တွင် စမ်းသပ်ကြည့်ခဲ့သည်။ ယင်းစမ်းသပ်ချက်တွင် ပုံမှန်သွေးတိုးနှုန်းရှိသော အမျိုးသား(၁၀)ဦးကို ပိုတက်စီယမ်ကြွယ်ဝသောစားသောက်ဖွယ်ရာများ စားသုံးစေခဲ့သည်။ ထို့နောက် ပိုတက်စီယမ်မပါသော စားသောက်ဖွယ်ရာများကို ဆက်လက်စားသုံးစေခဲ့သည်။ ယင်းစားဖွယ်ရာများကို (၉)ရက်စီ ခွဲခြားကာ စားသုံးစေခဲ့ခြင်းဖြစ်ပါသည်။
ပိုတက်စီယမ်မပါသော စားဖွယ်ရာများ စားသုံးစဉ်တွင် အထက်သွေး၊ အောက်သွေး နှစ်မျိုးစလုံးသည် (၄.၁)မှတ် မြင့်တက်ခဲ့ပြီး ယင်းတို့၏ သွေးဖိအားမြင့်တက်နှုန်းသည် ဆိုဒီယမ်အပြည့်ပါသော စားသောက်ဖွယ်ရာများ စားသုံးစဉ်ကထက်ပင် လျင်မြန်လှကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် ပိုတက်စီယမ်သည်လည်း ဆိုဒီယမ်မြင့်မားသည့် စားဖွယ်ရာများကို ကောင်းစွာထိန်းချုပ်ပေးနိုင်ကြောင်း
တွေ့ရပါသည်-ဟု လေ့လာရေးအဖွဲ့ ခေါင်းဆောင် ဂျီ-ရိုပါးလ် ခရစ်ရှနား(အမ်.ဒီ)က ဆိုခဲ့ပါသည်။ ဆိုဒီယမ်ကို တားဆီးပေးနိုင်သည်ဟု ယုံကြည်ကြောင်း ဆိုခဲ့ပါသည်။ ပိုတက်စီယမ်ကို လုံလုံလောက်လောက် စားသုံးပေးနိုင်က လူတဦးအတွက် လိုအပ်သည့် ဆေးဝါးသုံးစွဲနှုန်း (Doses) ကိုပင် လျှော့ချပစ်နိုင်ပေမည်။
အီတလီနိုင်ငံ နေပါးလ်တက္ကသိုလ်တွင် လေ့လာခဲ့မှုအ၇ သွေးတိုးဝေဒနာရှင် အုပ်စုတစုအား တနှစ်တာမျှ ပိုတက်စီယမ်ကြွယ်ဝသော စားသောက်ဖွယ်ရာများကို စားသုံးစေခဲ့သည်။ ယင်းတို့ထဲမှ (၈၁)ရာခိုင်နှုန်းမှာ ပုံမှန်သုံးစွဲနေရသော ဆေးဝါးကို တဝက်အထိ လျှော့ချသုံးစွဲနိုင်ခဲ့သည်။ ပိုတက်စီယမ်မြင့်မားသော လူနာ(၃၈)ရာခိုင်နှုန်းဆိုလျှင် ဆေးဝါးကို လုံးဝရပ်ပြစ်လိုက်နိုင်ခဲ့သည်အထိ အကျိုးထူးခဲ့ကြောင့် တွေ့ရသည်။ ယင်းတွင် တနေ့လျှင် ပိုတက်စီယမ်မြင့်မားသော စားဖွယ်ရာများကို (၆)ကြိမ်မျှ စားသုံးစေခဲ့ခြင်း ဖြစ်သည်။
ပိုတက်စီယမ်သည် အစားအစာများတွင် ကြွယ်ဝပါရှိတတ်ပါသည်။ ဟင်းသီဟင်းရွက်အားလုံး အထူးသဖြင့် အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ စပျစ်သီး၊ လိမ္မော်သီး၊ သံပရာသီး၊ အစေ့ အဆံများအားလုံး နေကြာစေ့၊ နို့များ နို့ထောပတ်…စသည်တို့တွင် ပိုတက်စီယမ်ဓာတ် ကြွယ်ဝစွာပါဝင်ပါသည်။
*****
အာလူး (Potato)
အာလူး-အထူးသဖြင့် ပြုတ်ထားသော အာလူးသည် သွေးတိုးနှုန်းကျစေရန် အဖိုးတန်စားဖွယ်ရာဖြစ်ပါသည်။ အာလူးကို အခွံမခွာဘဲ ပြုတ်ပေးပါက ဆားအနည်းငယ်မျှကိုသာ စုပ်ယူနိုင်ပါသည်။ ထို့ကြောင့် ယင်းကို သွေးတိုးရောဂါ ခံစားရသူများအတွက် ဆားကင်းသော အာဟာရတခုအဖြစ် ပေးနိုင်ပါသည်။ ယင်းတွင် ပိုတက်စီယမ်ကြွယ်ဝကာ ဆိုဒီယမ်ဆား မပါရှိပါချေ။ မဂ္ဂနီစီယမ် ပါရှိ၍ သွေးတိုးကျစေရန် ကောင်းစွာအထောက်အကူပြုပါသည်။
*****
ဆန် (Rice)
ဆန်တွင် အဆီဓာတ်နည်းပါးခြင်း၊ ကိုလက်စထရော နည်းပါးခြင်း၊ ဆားဓာတ်ပါဝင်မှု နည်းခြင်းကို တွေ့ရသည်။ သို့ဖြစ်၍ ဆားသုံးစွဲရန် တားမြစ်ထားသော သွေးတိုးရောဂါရှင်များအတွက် အသုံးဝင်ပါသည်။ ဆန်လုံးညိုတွင် ကယ်လ်စီယမ် (ထုံးဓာတ်) ကြွယ်ဝပေရာ အာရုံကြောများကို သိမ်မွေ့စေ၊ အနား၇စေ၍ သွေးတိုးမြင့်မားမှု လက္ခဏာ လျော့ပါးသက်သာစေပါသည်။
*****
ဟင်းသီးဟင်းရွက် သတ္တုရည် (Vegetable Juice)
ဟင်းသီးဟင်းရွက်အစိမ်းကို ကြိတ်ညှစ်၍ အသုံးပြုခြင်း၊ အထူးသဖြင့် မုန်လာဥနှင့် ဟင်းနုနွယ်ကြိတ်ညှစ်ရည်သည် သွေးတိုးရောဂါအတွက် အားကောင်းလှသော သွေးတိုးနှုန်းကျစေသည့် ကြိတ်ညှစ်ရည် ဖြစ်သည်။ ယင်းတို့ကို သီခြားစီ၎င်း၊ ရောနှော၍၄င်း အသုံးပြုနိုင်သည်။
ရောနှောအသုံးပြုမည်ဆိုပါက မုန်လဥဝါ ကြိတ်ညှစ်ရည် (၃၀၀)မီလီမီတာနှင့် ဟင်းနုနွယ်ကြိတ်ညှစ်ရည် (၂၀၀)မီလီမီတာတို့ကို ရောနှောအသုံးပြုရမည်။
*****
ကွာစေ့ (Watermelon Seeds)
ကွာစေ့ (ဝါ) ဖရဲသီးစေ့သည် သွေးတိုးနှုန်းကျစေရန် အထောက်အကူပြုသည်။ ယင်းတို့သည် သွေးတိုးရောဂါကို (ဝါ) သွေးဖိအားမြင့်မားမှုကို တိုက်ဖျက်နိုင်သည့် တန်ဖိုးရှိသော ဆေ့ဖ်ဂါ့ဒ် (Safeguard) သဖွယ် ဖြစ်ပေသည်။ နာမည်ကျော် သမားတော်ကြီး ဒေါက်တာဖော့စတာ (Dr. Foster)က တရုတ်တို့သည် ကွာစေ့ကို သွေးဖိအား ကျစေမည့် အာဟာရအဖြစ် အကျယ်တပြန့် အလေးထားအသုံးပြုခဲ့ ကြသည်ဟု ဆိုခဲ့ပါသည်။
တရုတ်တို့သည် ဖရဲစေ့ကို အခြောက်လှန်း၍ လှော်ကာ အသုံးပြုကြသည်။ လတ်တလော ဆန်းစစ်ချက်များအရ ဖရဲစေ့ (ခေါ်) ကွာစေ့မှ ထုတ်ယူရရှိသောအရာသည် သွေးကြောများကို ချဲ့ကားစေရန် တိုက်ရိုက်လုပ်ဆောင်ပေးပြီး ယင်းက သွေးဖိအားကျစေရန် အထောက်အကူပြုပါသည်။
အိန္ဒိယတွင် ဖရဲစေ့များကို ရှေးခေတ်ကတည်းက ယူနာနီနှင့် အာယုဗေဒဆေးပညာတို့တွင် အားဆေး (Tonic) အဖြစ် အသုံးပြုခဲ့ကြသည်။
ဟိန်း(ဘူမိ)
Ref : HealingThrough Natrual Foods by Dr.H.K. Bakhru

0 comments:

Post a Comment

Labels

 
Back to top!