Searching...
Friday, February 1, 2013

သွေးတိုးရောဂါနှင့် တိုင်းရင်းဆေး


ကြက်သွန်ဖြူ (ALLIUM SATIVUM LINN)
မြန်မာ့ဟင်းလျာများနှင့် အစားအစာများချက် ပြုတ် ရာတွင် ကြက်သွန်ဖြူကို ကျယ်ပြန့်စွာထည့်သွင်း ချက်ပြုတ်ကြပါတယ်။ တိုင်းရင်းဆေးဝါးဖော်စပ် ရာ တွင် ပရဆေးကုန်ကြမ်းအဖြစ်လည်း အသုံးပြုကြပါ တယ်။ မြန်မာ့တိုင်းရင်း ဆေးသမားတော်များ၏ ဆေးခန်းတွင်လည်း ဆေးဝါးတစ်မျိုးအဖြစ် အသုံးပြု လေ့ရှိပါတယ်။ ကျွမ်းကျင်သူ၏ ညွှန်ကြားချက်၊ ဆေးညွှန်းအတိုင်း ဆေးဝါးများကို စနစ် တကျ သောက်သုံးခြင်းသည် သက်ရှည်ကျန်းမာရေးကဏ္ဍ တွင်အဓိကကျသော အချက်အလက်တစ်ခုဖြစ် ပါတယ်။
အစဉ်သတိ အမြဲရှိ ကြက်သွန်ဖြူနှင့် ပတ်သက်သော ကျန်းမာရေးဆိုင်ရာ သိမှတ်စရာများ ကို ပဏာမ တင်ပြပါရစေ။ ကြက်သွန် ဖြူတွင် သွေးကျဲစေသည့် အာနိသင်ရှိ သည့်အတွက် သွေးမတိတ်ရောဂါရှိသူ များ၊ မကြာခဏနှာခေါင်းသွေးယိုတတ် သူများနှင့်ခွဲစိတ်ကုသမှုခံယူထားသူများ ဟာ ကြက်သွန်ဖြူစားသုံးခြင်းကို ရှောင်ရှားသင့်ပါတယ်။ကြက်သွန်ဖြူကို အလွန် အကျွံ စားသုံး မိခြင်း ဖြင့် ကြက်သွန်ဖြူတွင် ပါဝင်သော အချိုဓာတ် များနှင့် ဓာတ် မတည့် မှု (Garlic Allergy) ဖြစ်ကာ ချွေးထွက်များခြင်း၊ လည်ချောင်းနာ ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း တို့ဖြစ်ပေါ် ခံစားရနိုင်ပါတယ်။
ကြက်သွန်ဖြူ ပျားရည်ဆေးနှင့် ကာကွယ်ပါ
ဒီနည်းကတော့ ရှေးကျတဲ့နည်း ဖြစ်ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရများ ပါဝင်တဲ့ ဆေးဝါးနည်း တစ်မျိုးဖြစ်ပါတယ်။ လတ်ဆတ်တဲ့ ကြက်သွန်ဖြူဥတစ်လုံးကို အခွံနွှာပြီး သန့်ရှင်းသော ဖျာချုပ်အပ်နဲ့ ၅ချက်- ၆ချက်ခန့်ဖောက်ကာ ပျားရည်ထည့် ထားတဲ့ ပုလင်းထဲတွင် စိမ်ထားပါ။
ထိုပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ကို နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် စားသုံးပေးခြင်းအားဖြင့်သွေးတိုးရောဂါ နဲ့ နှလုံး သွေးကြော ကျဉ်း ရောဂါ ရှင်များ အတွက် အကျိုးကျေးဇူးများစွာ ဖြစ်ပေါ်စေနိုင်ပါတယ်။ ကြက်သွန်ဖြူတွင်ပါရှိသော Allicin ဒြပ်ပေါင်းသည် ဆေးဖက်ဝင် အာနိ သင်များကို ရရှိစေသည်ဟု သုတေ သနပညာရှင်များက မှတ်ချက်ပေး ထားပါတယ်။
ဆေးသိပံ္ပသုတေသန တွေ့ရှိချက် အဆို
သွေးခဲခြင်း၊ သွေးလွှတ်ကြော များကျဉ်း မြောင်းခြင်း၊ သွေးကြော မာခဲခြင်းတို့ကိုထိရောက်စွာ ကာကွယ် ပေးနိုင်သည့် အာနိသင်ရှိပါတယ်။ ခန္ဓာကိုယ်အတွင်း သွေးလှည့်ပတ်မှု ကောင်းမွန်စေတဲ့အတွက် နှလုံးသွေး ကြောကျဉ်းရောဂါ၊ လေဖြတ်၊ လေ သင်တုန်းရောဂါနဲ့လေငန်းရောဂါအပြင် ခြေဖျားလက်ဖျားသို့ သွေးရောက်ရှိမှု နည်းသော ရောဂါသည်များအနေဖြင့် ကြက်သွန်ဖြူကို ပုံမှန်စားနေကျအစား အစာတွေထဲမှာထည့်သွင်းစားသုံးသင့် တယ်လို့ ဆေးသိပ္ပံပညာရှင်များမှ တိုက်တွန်း အကြံပြုထားပါတယ်။
ကြက်သွန်ဖြူ အစွမ်း သွေးတိုးရောဂါအတွက် အံ့မခန်း
Ace Inhibitor ကဲ့သို့ အာနိသင် ရှိသည့် Gamma-Glutamyl Cysteine ပါဝင်တဲ့အတွက် သွေးတိုးကျစေသည် ဟု သုတေသန စာတမ်းအချို့တွင် ထုတ်ဖော်ရေးသားထားပါတယ်။ လတ်တလောခံစားနေရသည့် မပြင်း ထန်သော သွေးတိုးရောဂါနှင့် နာတာ ရှည် သွေးတိုးရောဂါလူနာများအနေ ဖြင့် ကြက်သွန်ဖြူကို စားသုံးပေးသင့် ကြောင်း သိရပါတယ်။
အပင်ထွက် ဓာတုဒြပ်စင်များ (Phytochemical)
ကြက်သွန်ဖြူတွင် ပါဝင်သော အဓိကကျသည့် ဒြပ်ပေါင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်-
- Lecithin – Allicin – Beta Sitosterol
- Garlic Oil
- Linoleic Acid
- Palmitic Acid
ဆင်တုံးမနွယ် (Tinospora Cordifolia)
ဆင်တုံးမနွယ်နှင့် ပတ်သက်၍ “အသက်ကြီးလျှင် ဆင်စီးပါ” ဟူ သော စကားစုကို ဆောင်းပါးများတွင် မကြာခဏ ဖတ်ရှုရပါတယ်။ စာရေး သူကိုယ်တိုင် စွယ်စုံ ဆင်တုံးမနွယ် တိုင်းရင်းဆေးဝါးဟူသော ဆောင်းပါး ရှည်ကြီးတစ်ပုဒ်ကို လွန်ခဲ့သည့် ၁၀ နှစ်ကျော်က မဂ္ဂဇင်းတစ်စောင်မှာ ဖော်ပြဖြစ်ခဲ့ပါတယ်။ စာရေးသူ ကိုယ်တိုင် လူနာသုံးဆေးဝါးအဖြစ် အသုံးပြုလျက်ရှိပါတယ်။
ဆင်တုံး မနွယ်ဟာ အလွန်ဆေးဖက်ဝင်ပြီး ရောဂါဝေဒနာ အတော်များများကို ကုသနိုင်ခဲ့ပါတယ်။ အိန္ဒိယအာယုဗ္ဗေဒ ဆေးကျမ်းတွေမှာလည်း အသက်ရှည် ကျန်းမာရေးဆေးဝါးအဖြစ် ဖော်ပြ ချက်တွေကိုလည်း ဖတ်ရှုခဲ့ရပါတယ်။ စာရေးသူရဲ့စိတ်ကြိုက်စိစစ်ရွေးချယ် ထားတဲ့ ဆေးပင်တစ်ပင်လည်း ဖြစ် ပါတယ်။ ဆင်တုံးမနွယ်ပင်ကို အရပ်ဒေသအလိုက် အမည် အမျိုး မျိုးနဲ့ အစွဲပြုပြီး ရေးသားထားချက် လည်းရှိပါသေးတယ်။
မြန်မာနိုင်ငံသုတေသနအဖွဲ့
အထူးသဖြင့် Myanmar Medical Research Institute (Zafar Shah Road) မှထုတ်ဝေသည့် Plant with Reputed Hypoglycemic Action စာအုပ်တွင် ဆင်တုံးမနွယ်ပင်၏ ဆေးဖက်ဝင် အာနိသင်အကြောင်းကို ဖော်ပြထားပါသေးတယ်။
အပင်ထွက်ဒြပ်ပေါင်းများ
- Giloin
- Tinosporin
- Gilosterol
- Berberine
- Starch
- Tinosporaside
- Tinosporidine
- Alkaloid
သွေးတိုးကျ အာနိသင် တွေ့ရှိချက်
ဆေးဝါးအဖြစ် အသုံးပြုရာမှာ အနွယ်နဲ့ ပင်စည်ရိုးတံများကို ဆေးချိန် ပမာဏ၊ ဆေးညွှန်းအတိုင်းသောက် သုံးပေးရပါတယ်။ ဆေးသိပ္ပံပညာရှင် များရဲ့ သုတေသနပြုချက်များအရ ဆင်တုံးမနွယ်ပင်တွင် ပါဝင်သော အပင်ထွက်ဒြပ်ပေါင်းများ (Phytochemicals)ဟာ ခန္ဓာကိုယ်အတွင်း သွေး လွှတ်ကြောနံရံများ တောင့်တင်းနေ မှုကို ပြေလျော့ပေးစေကာ သွေးကြော ငယ်များ ကျယ်လာစေတဲ့ အာနိသင် ရှိကြောင်းသိရပါတယ်။
သွေးဖိအား ပမာဏကို ကျဆင်းစေသောကြောင့် သွေးတိုးရောဂါအတွက် အကျိုးရှိစေ ကြောင်းပင် ဖြစ်ပေသည်ဟု အဆိုပါ စာတမ်းတွင် ဖော်ပြထားပါတယ်။ Anti-inflammatory Action ရောင် ရမ်းမှုကိုလည်းသက်သာစေနိုင်ပါတယ်။ ဆီးရွှင်စေသော အာနိသင် (Mild Diuretic Action)လည်း ရှိသည့် အတွက်အားဖြင့် ခန္ဓာကိုယ်မှာ ပိုလျှံ နေတဲ့ အငန်ဓာတ်များကို ဆီးလမ်း ကြောင်းများမှတစ်ဆင့် ထုတ်ပေးခြင်း ဖြင့်သွေးတိုးကိုသက်သာစေနိုင်ပါတယ်။
သွေးတိုးဝေဒနာရှင်များအတွက် ဆင် တုံးမနွယ်ကို အသုံးပြုရာတွင် ဆေးချိန် ပမာဏအတိုင်း သောက်သုံးရန် လို အပ်ပါတယ်။ တစ်ကြိမ်သောက်လျှင် ဆေးမှုန့် ၄ ပဲသား (၆၃ ဂရမ်)ကို တစ်ကြိမ်သောက်ပေးရမှာဖြစ်ပါတယ်။ လေးနာရီခြား၍ တစ်နေ့လေးကြိမ်ခန့် သောက်ပေးရမှာဖြစ်ပါတယ်။ Ref: – Ministry of Health Department of Traditional Medicine Commonly Used Herbal Plants. Herbal Manual By Harold Ward.
ကျော်တင့်ဆွေ
မေမွန်ကျော်
Labels: ကျန်းမာရေး ဗဟုသုတ
Shared from http://www.lubo601.com/2011/11/blog-post_6755.html

0 comments:

Post a Comment

Labels

 
Back to top!