Searching...
Friday, February 1, 2013

အကျိုးနှစ်မျိုး ရရှိစေနိုင်မည့် အလေ့အကျင့်များ


ထပ်မံ ရရှိမည့် အကျိုးကျေးဇူး – ကျန်းမာရေးနှင့် ညီညွတ်သော ကိုလက်စထရော အဆင့် ရရှိခြင်း
၁) ခန္ဓာကိုယ် သွယ်လျအောင် အချိုစာကို ရှောင်ခြင်း
အချိုစာတွေကို ကန့်သက်ပြီး စားတာဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုလက်စထရော အဆင့် ရရှိတာနဲ့ ဆက်စပ်မှု ရှိတယ်လို့ သိရပါတယ်။ အမေရိကန်မှ သုတေသနပြုချက်အရ သကြား၊ ပျားရည်၊ အရံသင့် စားလို့ရတဲ့ အစာ (ဥပမာ ကိတ်မုန့်၊ ဘီစကစ်၊ ကွတ်ကီး) တွေမှာ ပါဝင်တဲ့ အချိုနဲ့ ဖျော်ရည် မျိုးစုံမှာ ပါဝင်တဲ့ သကြားဓာတ်တွေကို များများ စားတဲ့သူတွေမှာ သူတို့ရဲ့ သွေးတွင်း ကောင်းတဲ့ ကိုလက်စထရော အဆင့်တွေ နိမ့်နေတယ်လို့ သိရပါတယ်။
(၂) အမြင်အာရုံအတွက် ပုံမှန် မျက်စိ စမ်းသပ်ခြင်း
ထပ်မံ ရရှိမည့် အကျိုးကျေးဇူး – ဦးနှောက် စွမ်းအား ထက်မြက်ခြင်း
အမေရိကန်မှ ကျွမ်းကျင်သူတွေက လူတွေကို ရှစ်နှစ်ခွဲကြာ လေ့လာမှု အပြီးမှာ မျက်စိ ဆရာဝန်ထံ ဒီအချိန်အတွင်း အနည်းဆုံး တစ်ကြိမ် ပြသသူတွေဟာ အသိဉာဏ် တွေးခေါ် မြော်မြင်မှု မှတ်ဉာဏ် ချို့တဲ့ခြင်း (dementia) ဖြစ်နိုင်ခြေ ၆၄ ရာခိုင်နှုန်း လျော့နည်းတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ အမြင်အာရုံ ကောင်းနေတာကြောင့် စာဖတ်နိုင်တာ၊ လေ့ကျင့်ခန်း လုပ်နိုင်တာ ဒါမှမဟုတ် လူမှုရေး လုပ်ငန်းတွေ ပြုလုပ်နိုင်ကာ ဘဝမှာ တက်တက်ကြွကြွ နေနိုင်တာမို့ ဦးနှောက် စွမ်းအားလည်း ထက်မြက်လာတယ်လို့ ဆိုပါတယ်။
(၃) စိတ်ဖိစီးမှု လျော့ကျအောင် ပုံမှန် တရားထိုင်ခြင်း
ထပ်မံ ရရှိမည့် အကျိုးကျေးဇူး – နာကျင်မှု ဝေဒနာ သက်သာခြင်း
တရားထိုင်တာကြောင့် စိတ်အေးချမ်းမှု ရရှိစေရုံသာမက ခေါင်းကိုက် ဝေဒနာ၊ ခါးနာတာနဲ့ တခြား နေရာတွေမှာ နာကျင် ကိုက်ခဲတာတွေပါ သက်သာစေနိုင်ပါတယ်။ ပုံမှန် တရားထိုင်တာကြောင့် နာကျင်မှုကို ထိန်းချုပ်ပေးတဲ့ ဦးနှောက် နေရာမှာ ထူထပ်မှုတွေ ဖြစ်လာပြီး နာကျင်တာကို ခံနိုင်ရည် ပိုရှိသွားတာကြောင့်လို့ ဆိုပါတယ်။
(၄) သွားဖုံးရောဂါ ကာကွယ်နိုင်အောင် နေ့စဉ် နှစ်ကြိမ် သွားတိုက်ခြင်း
ထပ်မံ ရရှိမည့် အကျိုးကျေးဇူး – ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ခြင်း
နှစ်ပေါင်း ၂၀ အတွင်း လူပေါင်း ၅၀၀၀၀ နီးပါးကို လေ့လာခဲ့ရာမှ အမေရိကန်မှ သိပ္ပံပညာရှင်တွေက သွားဖုံးရောဂါ ရှိတဲ့ သူတွေမှာ ကင်ဆာ ဖြစ်နိုင်ခြေ ၁၄ ရာခိုင်နှုန်း မြင့်တက်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ သွားဖုံးရောဂါဟာ ခုခံအား စနစ်ရဲ့ ထင်ရှားတဲ့ အမှတ်အသား ဖြစ်တာ ဒါမှမဟုတ် ကင်ဆာ ဖြစ်နိုင်ခြေနဲ့ တိုက်ရိုက် ဆက်စပ်နေတာကြောင့်ပါလို့ လေ့လာသူတွေက ဆိုပါတယ်။
ဒေါက်တာ ခင်မိုးမိုး
By Good Health Originally posted 11/05/2011 14:52PM

0 comments:

Post a Comment

Labels

 
Back to top!