
အမျှင်ဓာတ် ၃၈ ဂရမ် လိုအပ်ပြီး အမျိုးသမီးတွေက အမျှင်ဓာတ် အနည်းဆုံး ၃၀ ဂရမ် လိုအပ်နေပါတယ်။
အစားအသောက်ကနေရတဲ့ အမျှင်ဓာတ်ဟာ အစာကြေညက်ဖို့နဲ့ အူထဲက အစာတွေကို ကောင်းကောင်းစုပ်ယူနိုင်ဖို့ အရေးပါပြီး ဝမ်းမှန်မှန်သွားစေပါတယ်။ နေ့စဉ် အစားအသောက်ကနေ လိုအပ်တဲ့ အမျှင်ဓာတ်ပမာဏ ရရှိစေဖို့ အမျှင်ဓာတ်ပါဝင်မှု မြင့်မားတဲ့ အောက်ပါ သစ်သီးဝလံတွေကို စားပေးသင့်ပါတယ်။
(၁) ဆီးသီးခြောက် (ခွက်တစ်ဝက်စာ ပမာဏမှာ အမျှင်ဓာတ် ခြောက်ဂရမ် ပါဝင်ပါတယ်။)
(၂)သစ်တော်သီး (အနေတော် တစ်လုံးမှာ အမျှင်ဓာတ် ခြောက်ဂရမ် ပါဝင်ပါတယ်။)
(၃) လိမ္မော်သီး (အနေတော် တစ်လုံးမှာ အမျှင်ဓာတ် လေးဂရမ် ပါဝင်ပါတယ်။)
(၄) ပန်းသီး (အနေတော်တစ်လုံးမှာ အမျှင်ဓာတ် လေးဂရမ် ပါဝင်ပါတယ်။)
(၅) ငှက်ပျောသီး (အနေတော်တစ်လုံးမှာ အမျှင်ဓာတ် သုံးဂရမ် ပါဝင်ပါတယ်။)
(၆) မက်မွန်သီးခြောက် (ခွက်ရဲ့ လေးပုံတစ်ပုံစာ ပမာဏမှာ အမျှင်ဓာတ် သုံးဂရမ် ပါဝင်ပါတယ်။)
(၇) စပျစ်သီးခြောက် (နှစ်အောင်စမှာ အမျှင်ဓာတ် နှစ်ဂရမ် ပါဝင်ပါတယ်။)
ဇွန်
Ref: Good Health 8 August, 2012 – 16:23
Source: http://www.yatanarpon.com.mm/news/news-63981
0 comments:
Post a Comment