Searching...
Friday, February 1, 2013

သင့်ကို ပိုလှစေနိုင်သော အစားအစာ ရှစ်မျိုး

အာဟာရပြည့်ဝစွာ စားသောက်ခြင်းဟာ ကျန်းမာရေး ကောင်းစေပြီး အားရှိစေတယ်ဆိုတာ အားလုံးသိပြီးသားပါ။  အစားအစာ အတွက် ကျန်းမာရေးအပြင် အလှအပကိုပါ အကျိုးပြုကြောင်း လတ်တလော လေ့လာချက်တွေအရ တွေ့ရှိရပါတယ်။ လေ့လာချက်တွေအရ တချို့ အာဟာရတွေဟာ ကျွန်မတို့ကို ပိုပြီးလှပကာ ဆွဲဆောင်မှု ရှိစေသလို တချို့ဆိုရင် ရက်ပိုင်း အတွင်းမှာတင် အစွမ်းထက်တာကို တွေ့ရပါတယ်။ အောက်ပါ အစားအစာ ရှစ်မျိုးကတော့ ကျွန်မတို့ရဲ့ အလှအပအတွက် အလျင်မြန်ဆုံးနဲ့ အထိရောက်ဆုံး အကျိုးအာနိသင် ဖြစ်ပေါ်စေတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။
၁- အသားအရေ ကောင်းစေဖို့ ကန်စွန်းရွက် စားပါ
ကျွန်မတို့ မြန်မာလူမျိုးတွေ နေ့တိုင်းလိုလို စားနေတဲ့ ကန်စွန်းရွက်ဟာ အလှအပအတွက် များစွာ အထောက်အကူ ပြုပါတယ်။ အရေပြားရောင်ရမ်းမှု သက်သာစေပြီး ချွေးပေါက်ကျဉ်းစေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ (Anti-oxidants) နဲ့ သွေးအားကောင်းစေနိုင်တဲ့ သံဓာတ်တို့ ပါရှိတာကြောင့် အသားအရေ ချောမွေ့ကာ သွေးရောင် လွှမ်းစေနိုင်ပါတယ်။ ဒါ့အပြင် ကန်စွန်းရွက်ဟာ သွေးထဲရှိ Antioxidant ပမာဏကို များစေပြီး DNA ပျက်စီးမှုကိုလည်း လျှော့ချပေးတာကြောင့် သွေးသား သန့်စင်စေပါတယ်။
၂- မျက်ဝန်း ကြည်လင်တောက်ပစေဖို့ ဟင်းနုနယ်ရွက်စားပါ
ဟင်းနုနယ်ရွက်မှာ လူတင် (Lutein) ဓာတ် များစွာပါဝင်ပါတယ်။ လူတင်ဓာတ် မျက်လုံး ကျန်းမာရေးအတွက် ကောင်းစေသလို မျက်လုံးကို ပိုပြီး ကြည်လင်ဝင်းပ စေပါတယ်။ ဒါ့အပြင် မျက်ဝန်းအလှအတွက် ဟင်းနုနယ်ရွက်ကို တို့စရာအဖြစ် နေ့စဉ် စားသင့်ပါတယ်။
၃- ပြုံးအလှပိုင်ရှင် ဖြစ်စေဖို့ ပန်းသီးစားပါ
တစ်နေ့ကို ပန်းသီးတစ်လုံး စားပေးခြင်းက ကျန်းမာရေးအတွက် ကောင်းစေသလို သွားတွေကိုလည်း ဖြူဖွေး တောက်ပ စေနိုင်ပါတယ်။ ပန်းသီးဟာ ကော်ဖီ၊ လက်ဖက်ရည်၊ ဝိုင်အနီ စတဲ့ သွားကို စွန်းထင်းဝါကြန့်စေတဲ့ အစားအသောက်တွေ စားသောက်တဲ့အခါ ထင်ကျန်ရစ်တဲ့ အစွန်းတွေကို ဖျက်ပေးပါတယ်။
၎- ဆံသားကောင်းစေဖို့ ပဲသီးစိမ်း စားပါ
ပဲသီးစိမ်းမှာ ဆီလီကွန်ဓာတ် (Silicon) များစွာ ပါရှိပါတယ်။ လေ့လာချက်အရ ဆီလီကွန်အားဆေး သောက်သုံးသူတွေဟာ ကိုးလအကြာမှာ ဆံပင်သား သိသိသာသာ ပိုကောင်းလာတဲ့အပြင် ဆံပင်အုံပါ ပိုထူလာတာကို တွေ့ရပါတယ်။ ပဲသီးစိမ်းကို ဟင်းချက် စားနိုင်သလို ပဲသီးစိမ်းကို ပြုတ်ပြီး အဆာပြေ အဖြစ်လည်း စားနိုင်ပါတယ်။
၅- ဝက်ခြံပျောက်ကင်းစေဖို့ ဖရုံစေ့စားပါ
ဖရုံစေ့ဟာ ဇင့်ဓာတ် ကြွယ်ဝတာကြောင့် အစက်အပြောက်တွေ သက်သာ လျော့နည်းစေပါတယ်။ ဝက်ခြံ အထွက်များသူတွေဟာ ဇင့်ဓာတ်ချို့တဲ့ကြကြောင်းကို တွေ့ရှိရပါတယ်။ ဒါကြောင့် ဇင့်ဓာတ်ကြွယ်ဝတဲ့ ဖရုံစေ့ကို တစ်နေ့ကို ထမင်းစားဇွန်း တစ်ဇွန်း၊ နှစ်ဇွန်းစာလောက် စားပေးသင့်ပါတယ်။
၆- အသားအရေ စိုပြည်စေဖို့ နှမ်းကြတ်စေ့ဆီ စားပါ
နှမ်းကြတ်စေ့ (Falxseed) ဟာ ခြောက်သွေ့ အက်ကွဲလွယ်တဲ့ အရေပြား အတွက် အကောင်းဆုံး အစာပါပဲ။ နှမ်းကြတ်စေ့မှာ အရေပြားကို ရေဓာတ်ဖြည့်ပေးပြီး နူးညံ့ချောမွေ့စေတဲ့ အိုမီဂါ-၃ ဖက်တီးအက်စစ် ပါရှိပါတယ်။ နှမ်းကြတ်စေ့ဆီကို စူပါမားကက် တချို့မှာ ဝယ်ယူနိုင်ပြီး အသုပ်သုပ်စားရာမှာ ထည့်သုပ်နိုင်သလို နှမ်းကြတ်စေ့ကို ဒိန်ချဉ်ထဲ ထည့်စားတာ၊ ကွတ်ကီးမုန့်ထဲ ထည့်ဖုတ်တာကလည်း အရသာ ရှိပါတယ်။
၇- အရေပြား တင်းရင်းနုပျိုစေဖို့ ကီဝီသီး စားပါ
အရွယ်တင် နုပျိုလိုသူတွေ အနေနဲ့ ကီဝီသီး စားသင့်ပါတယ်။ ကီဝီသီးမှာ ဗီတာမင်စီ များစွာကြွယ်ဝပြီး ကော်လာဂျင် ဓာတ်တွေ ထွက်ရှိမှုကို လှုံ့ဆော်ပေးတာကြောင့် အရွယ်တင် နုပျိုစေပါတယ်။ အရေပြားထဲ ကော်လာဂျင်ဓာတ် များများ ထွက်ရှိလေ အရေပြားပိုပြီး တင်းရင်းကာ ကျုံ့နိုင်ဆန့်နိုင်အား ပိုကောင်းလေပါပဲ။ တင်းရင်းလာတဲ့ အသားအရေကြောင့် အသားအရေ လျော့ရဲ တွဲကျတာတွေ၊ အရေးကြောင်းပေါ်တာတွေ ပျောက်ပြီး နုပျိုတဲ့ အသွင်ကို ဖြစ်ပေါ်စေပါတယ်။
၈- လက်သည်း မာကျော လှပစေဖို့ ကြက်ဥစားပါ
ကျန်းမာလှပပြီး မာကျောတဲ့ လက်သည်း ပိုင်ဆိုင်ချင်တယ်ဆိုရင် ကြက်ဥ မကြာခဏ စားပေးသင့်ပါတယ်။ ကြက်ဥမှာ ဘိုင်တင်ဓာတ် (Biotin) ကြွယ်ဝစွာ ရှိတာကြောင့် လက်သည်းတွေကို အားဖြည့်ပေးပြီး ကျန်းမာသန်စွမ်းစေနိုင်တာပဲ ဖြစ်ပါတယ်။
ဒေါက်တာနုမြတ်
Ref: Good Health
Source: http://www.yatanarpon.com.mm/news/article-56463

1 comments:

  1. သင့်ကို ပိုလှစေနိုင်သော အစားအစာ ရှစ်မျိုး - 85 Boy >>>>> Download Now

    >>>>> Download Full

    သင့်ကို ပိုလှစေနိုင်သော အစားအစာ ရှစ်မျိုး - 85 Boy >>>>> Download LINK

    >>>>> Download Now

    သင့်ကို ပိုလှစေနိုင်သော အစားအစာ ရှစ်မျိုး - 85 Boy >>>>> Download Full

    >>>>> Download LINK

    ReplyDelete
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

Labels

 
Back to top!